Saturday, November 22, 2008

အီလက်ထရောနစ် နည်းပညာ ပြပွဲကြီး

နောက်ဆုံးပေါ်ဆန်းသစ်သော နည်းပညာအဆင့်မြင့် အီလက်ထရောနစ်ပစ္စည်းများကို အများပြည်သူ သိမြင်လေ့လာခွင့်ရရှိစေရန်နှင့် တစ်နေရာတည်းတွင် အီလက်ထရောနစ် Brand အစုံကို ဈေးနှုန်းသက်သာစွာ ၀ယ်ယူရရှိနိုင်စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အီလက်ထရောနစ် နည်းပညာပြပွဲကြီး ဖြစ်သည့် Electronic Technology Century ပြပွဲကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှ ၉ ရက် နေ့အထိ ၇ ရက်တိုင်တိုင် Capital Hyper Market တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ် ပေးမည်ဖြစ်ကြာင်း သိရသည်။ အဆိုပါအီလက်ထရောနစ် နည်းပညာပြပွဲကြီးကို Capital Hyper Market မှ ကြီးမှူး၍ ကျွန်တော်တို့နိုင်ငံအတွင်းသို့ အီလက်ထရောနစ်ပစ္စည်းများ တရားဝင်တင်သွင်းဖြန့်ဖြူးရောင်းချပေးလျက် ရှိသော ကုမ္ပဏီများက ကျင်းပမှာဖြစ်တာကို သိရတယ်။ ဒီပြပွဲတွင် အီလက်ထရောနစ် အမှတ်တံဆိပ်များဖြစ်သည့် SONY, LG, T-Home, PANASONIC, SAMSUNG, G-STAR, MITSUBISHI, OTO, SAKURA, FUJI, ORCHID, STAR, BLACK & DECKER, HITACHI, ELBA နှင့် POWER တို့မှ နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာများဖြင့် ထုတ်လုပ်ထားသော အီလက်ထရောနစ် ပစ္စည်းများကိုခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။ ဒီပြပွဲရဲ့ ရည်ရွယ်ချက်မှာတော့ Brand အစုံကို Customer တွေ တစ်နေရာတည်းမှာ အဆင်ပြေစွာဝယ်ယူရရှိနိုင်စေဖို့နဲ့ နောက်ဆုံးပေါ်နည်းပညာအဆင့်မြင့် အီလက်ထရောနစ်ပစ္စည်းတွေကို လေ့လာသိရှိခွင့်ရရှိနိုင်စေဖို့ပါ။ ထူးခြားတဲ့အစီအစဉ်တွေအနေနဲ့လည်း Brand တိုင်းရဲ့ Product Knowledge တွေနဲ့ပတ်သက်တဲ့ ဉာဏ်စမ်းမေးခွန်းတွေကို အစီအစဉ်တွေမှာ ထည့်သွင်းမေးမြန်းသွားမှာ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကို ပြပွဲကျင်းပတဲ့ ၃ ရက်နေ့ကနေ ၉ ရက်နေ့အထိ နေ့စဉ် မွန်းလွဲ ၂ နာရီကနေ ၃ နာရီခွဲတွင်း မေးမြန်း သွားမှာဖြစ်တယ်။ အဖြေမှန်တဲ့ သူတွေကိုလည်း ဆုလက်ဆောင်ပစ္စည်းတွေ ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ကံစမ်းမဲအစီအစဉ်တွေ၊ Lucky Draw အစီအစဉ်တွေ ထည့်သွင်းပေးသွားဖို့ စီစဉ်ထားတယ်။ ကျွန်တော်တို့ Capital Hyper Market အနေနဲ့လည်း ထူးခြားတဲ့အစီအစဉ်လေးတစ်ခု လုပ်ပေးဖို့ စီစဉ်ထားတယ်။ အဲဒါတွေကတော့ ကျွန်တော်တို့ အခုလိုစင်တာတွေမှာ လက်ကမ်းစာစောင်တွေ ဝေကြပါတယ်။ အမြဲပဲ လက်ကမ်းစာစောင်တွေ ဝေတဲ့အတွက် Customer တွေအနေနဲ့ ရိုးလာပါပြီ။ ဒီပြပွဲကြီးမှာတော့ ဝေမယ့် လက်ကမ်းစာစောင်တွေမှာ ကံစမ်းမဲဖြေဆိုခွင့် ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ ပြပွဲနောက်ဆုံးရက်နေ့ ဖြစ်တဲ့ ၉ ရက်နေ့ ညနေ ၅ နာရီမှာတော့ Customer တွေပေးပို့ထားတဲ့ ကံစမ်းမဲလက်ကမ်းစာစောင်တွေကို မဲဖောက်ပေးမှာ ဖြစ်ပါတယ်။ ထိုက်တန်တဲ့ ဆုတံဆိပ်တွေလည်း ချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်။ အီလက်ထရောနစ်နည်းပညာပြပွဲကြီးကို အများပြည်သူများအတွက် တနင်္ဂနွေနေ့မှ ကြာသပတေးနေ့ အထိ နေ့များတွင် နံနက် ၉ နာရီ မှ ည ၉ နာရီအထိလည်းကောင်း၊ သောကြာနှင့် စနေနေ့များတွင် နံနက် ၉ နာရီမှ ည ၉ နာရီခွဲအထိလည်းကောင်း ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။