Friday, September 19, 2008

နားရောမကြားသူ

နားရောဂါကုသသော ဆေးခန်းတစ်ခုကို လူတစ်ယောက်ဟာ ဆရာဝန်ထံလာပြီးတော့ အကူအညီ လာတောင်းပါတယ်။ ဆရာကျွန်တော်မိန်းမ နားမကောင်းလို့ဆရာ ဘယ်လိုလုပ်ရင်ကောင်းနိုင်မှာလည်း အကြံ အဥာဏ်လေးပေးပါဦး ဆိုပြီး အကူအညီလာတောင်းတယ် ဒါနဲ့ဆရာဝန်က နားမကြားဘူးဆိုတာကတော့ အမျိုးမျိုးရှိတယ်။ အဝေးကြီးက ခေါ်လို့မကြားတာလား။ အနီးကခေါ်လို့မကြားတာလား။ တခြားလူတစ်ယောက် ခေါ်သံပြောသံကို အချိန်နည်းနည်း ကြာပြီးမှ ကြားတာလား။ ချက်ချင်းမကြားတာလား ဆိုတာကိုပြောပြပါဦး ဆိုတော့။
အဲဒါတွေကို မသိဘူးခင်ဗျားဆိုပြီးခေါင်းခါပြတယ်။ အဲဒါဆိုဒီလိုလုပ်ဗျာ ခင်ဗျားမိန်းမကိုအိမ်ပြန်ပြီးတော့ စမ်းသပ်လိုက် အဲဒါမှ ကျွန်တော်ကိုကူညီပေးနိုင်မယ်ဆိုတော့ ထိုလူ အိမ်ကိုရောက်တာနဲ့ ၀ရံတာထွက်ပြီး မီးဖိုးချောင်ထဲမှာ အလုပ်လုပ်နေသော သူ့မိန်းမကို “အသဲရေ ဘာဟင်းချက်သလဲ” ပြန်ပြောတာကို စောင့်ချေ မကြားရဘူး။ အဲဒါနဲ့ ဧည့်ခန်းထဲဝင်ပြီး “မိန်းမရေဘာဟင်းချက်လည်း” ဖြေသံစောင့်ပြန်ရာ မကြားရပေ။ ဒီလိုနဲ့ အိမ်ခန်းထဲကို ၀င်ပြီး “မိန်းမရေဒီနေ့ဘာဟင်းချက်သလဲဟေ့” ပြန်ဖြေသံမကြားရပေ။ ဒါနဲ့မီးဖိုးချောင် ထဲဝင်လာပြီး အော်ဟစ်ကာ “ဟေ့မိန်းမ ဘာဟင်းချက်နေတာလည်း”လို့ အော်လိုက်တော့ ရှင်ဘာဖြစ်လို့ ဒီလောက်တောင်အော်ပြောနေရတာလည်းတော်၊ ရှင့်ကို ချင်ပေါင်ဟင်း ချက်ပါတယ်လို့ ဘယ်နှစ်ခါတောင် ဖြေနေရမလဲတော့်။

1 Comments:

Blogger လင်းဦး(စိတ်ပညာ) said...

"ချဉ်ပေါင်ဟင်း" ... အဟားးး ရီရတယ်ဗျို့

September 22, 2008 at 1:05 PM  

Post a Comment

Subscribe to Post Comments [Atom]

<< Home