ကိုလေးဖြူရဲ့ တေးစီးရီးသစ်

ကျွန်တော်တို့နိုင်ငံရဲ့ Rock Music လောကမှာ အကျော်ကြားဆုံးနဲ့ ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ တလိတ်လိတ် ရစ်နှောင်းထားတဲ့ အဆိုတော်မှာ ကိုလေးဖြူပါဘဲ။ “ကန္တာရလမင်း” တေးစီးရီးဖြင့် မြန်မာ့ဂီတလောကကို စတင်ဝင်ရောက်ကာ “အလင်းရောင်”သီချင်းဖြင့် ၁၉၉၀ခုနှစ် နှောင်းပိုင်းမှစပြီး နာမည်ရလာသော အဆိုတော် ကိုလေးဖြူဟာ အိုင်စီတီးဝိုင်းနှင့် တွဲဖက်ပြီး တကိုယ်တော်တေးစီးရီးခွေပေါင်း ၁၂ခွေ ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ယခုတဖန် ၁၃ခွေမြောက် တေးစီးရီးဖြစ်တဲ့ “ဘင်္ဂလားပင်လယ်အော်” ဆိုတဲ့ တေးစီးရီးသစ်ကို နိုဝင်ဘာလတွင် ထွက်ရှိလာမည်ဖြစ်ပါတယ်။ ယခုထွက်လာမည့် တေးစီးရီး၏ ထူးခြားချက်များမှာတော့ ပရိတ်သတ်များကို ယခင်တေးစီးရီးများနှင့် မတူသည့် ပုံစံဖြင့် ခံစားနိုင်ရန် စတူဒီယို ခန်းမထဲတွင် အသံသွင်းခြင်းမပြုပဲ ပင်လယ်ကမ်းခြေတွင် တပြိုင်တည်းတီခတ်သီဆိုပြီး တိုက်ရိုတ်အသံဖမ်း (Live Recording)ဖြင့် ပြုလုပ်ထားပြီး ကိုလေးဖြူရဲ့ စိတ်ကူးအသစ်များဖြင့် ဖန်တီးထားကာ ဒီတေးရီးသစ်ကို ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေမှာ သွားရောက်ရိုက်ကူးထားပြီး သီချင်းပုဒ်ရေ ၁၂ပုဒ် သို့ ၁၃ ပုဒ်ထိ ပါဝင်မည်ဟု (Iron Cross)မှ ဘေ့စ်ဂစ်တာ တီးခတ်သူ ကိုခင်မောင်သန့်က ပြောသွားခဲ့ပါတယ်။
0 Comments:
Post a Comment
Subscribe to Post Comments [Atom]
<< Home