Wednesday, December 17, 2008

TCP/ IP အခြေခံလေးတွေ

IP address

computer တွေတစ်လုံးနဲ့တစ်လုံး network ချိတ်တဲ့နေရာမှာ protocol တစ်ခု မဖြစ်မနေသုံးဖို့လိုအပ်ပါတယ်။
အဒီ protocol ဆိုတာ လွယ်လွယ်ပြောရင်တော့ ဘာသာစကား လိုပါဘဲ။ ဘာသာစကားတွေအမျိုးမျိုးရှိသလို Protocol တွေလဲ အမျိုးမျိုး ရှိပါတယ်။ ဒါပေမယ့်Internet ကိုချိတ်မယ်ဆိုတဲ့ computer တိုင်းဟာတော့ TCP/IP ဆိုတဲ့ protocolကိုမဖြစ်မနေသုံးဖို့လိုပါတယ်။ TCP/IP protocol သုံးတဲ့ computerတိုင်းဟာလည်း IP address တစ်ခုမဖြစ်မနေသက်မှတ်ဖို့လိုပါတယ်။ IPaddress မှာ Version 4 နဲ့ Version6 ဆိုပြီး နှစ်မျိုးရှိပါတယ်။ V4 က 32bits နဲ့ အလုပ်လုပ်ပြီး V6 ကတော့ 128bits နဲ့ အလုပ်လုပ်ပါတယ်။ လက်ရှိအများစုက V4 ကို အသုံးပြုနေပါ တယ်။

V4 IP address မှာ Class လေးခုရှိပါတယ်။ A, B, C, D, နဲ့ E ပါ။ Class A, B, C ကကျွန်တော်တို့ နဲ့ ရင်းနှီးပြီး အသုံးများပါတယ်။ ( ဒီ class A, B, C သုံးခုထဲက address ရယူ အသုံးပြုထားတဲ့ machine တွေကြားမှာ အပြန်အလှန်ကြိုက်သလို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်) Class D က Multicast address ( multicast ဆိုတာက သက်မှတ်ထားတဲ့ အစုအဖွဲ့တစ်ခုအတွင်းမှာသာ အပြန်အလှန်ဆက်သွယ်နိုင်တဲ့ address မျိုးပါ။ ဥပမာ -Class D address group1 မှာ computer 5 လုံး၊group2 မှာ computer 5 လုံး၊ ချိတ်ထားတယ်ဆိုရင် group1 ထဲက computer အချင်းချင်း၊ group၂ ထဲက computer အချင်းချင်း၊ ဘဲဆက်သွယ်နိုင်ပါတယ် Group1 က computer နဲ့ Group၂ က computer ချိတ်လို့မရနိုင်ပါဘူး) Class E ကတော့ သုတေသနပြုလုပ်နိုင်ဖို့ reserved ထားပါတယ်၊ အသုံးမပြုပါဘူး။ အဲဒီတော့ ကျွန်တော်တို့ Class A, B, C အကြောင်းကို ဆက်လေ့လာပါမယ်။

Network Address, Host Address
IP address တစ်ခုတိုင်းမှာ Network Address နဲ့ Host Address ဆိုပြီးတော့ အပိုင်းနှစ်ပိုင်းပါပါတယ်။
Network Address ဆိုတာ Host တွေကိုပေါင်းစည်းထားတဲ့ address အစုအဝေးတစ်ခုဖြစ်ပြီး၊
Host Address ဆိုတာကတော့ Network ထဲမှာပါဝင်တဲ့ အစိပ်အပိုင်းတစ်ခုပါ။

IP address ဒီလို အလုပ်လုပ်တယ်
IP V4 မှာ 32 bits ပါတယ်ဆိုတာပြောပြီးပါပြီ။ အဒီ 32 bits ကို 8bits စီ၊ 8bits စီ အပိုင်း လေးပိုင်း ခွဲပြီး အလုပ်လုပ်ပါတယ်။ တကယ်တမ်း bits တွေနဲ့ အလုပ်လုပ်တာ ဖြစ်ပေမယ့် သက်မှတ်တဲ့ နေရာမှာဘဲဖြစ်ဖြစ်၊ ရေးသားဖေါ်ပြတဲ့နေရာမှာဘဲဖြစ်ဖြစ် Dot-decimal စနစ်နဲ့ ရေးသားဖေါ်ပြပါတယ်။ ( ဥပမာ- 192.168.1.100)
တစ်ပိုင်းစီဟာ 8bits ကို ကိုစားပြုပြီး တစ်ပိုင်း နဲ့ တစ်ပိုင်းကြားမှာ dot(.) လေးတွေခံရေးပါတယ်။ 8bits ပါဝင် တဲ့ အစုအဝေးတစ်ခုကို octet လို့ခေါ်ပါတယ်။ ဒါကြောင့် IP Address တစ်ခုမှာ octect လေးခု ပါဝင်ပါတယ်။
IP address ကြည့်ရုံနဲ့ Class တွေဒီလိုခွဲနိုင်တယ်။
IP address တစ်ခုကိုကြည့်လိုက်တာနဲ့ Class A လား B လား C လား ဆိုတာကို IP address ရဲ့ ပထမဆုံးအပိုင်း ( first octect ) ကိုကြည့်ပြီးခွဲနိုင်ပါတယ်။
Class 1st octect range
A 1 to 126
B 128 to 191
C 192 to 223
ဒါကြောင့်မို့ ဥပမာ-
10.10.152.1 Class A
172.16.10.1 Class B
192.168.2.1 Class C
ဆိုတာကို ရှေ့ဆုံး အပိုင်းကိုကြည့်ရုံနဲ့ အလွယ်တကူခွဲနိုင်ပါတယ်။
ကျွန်တော်သိတာလေးတွေကို ပြောပြထားတာပါ။ မပြည့်စုံဘဲဖြစ်နေရင်လည်း သည်းခံပေးကြပါလို့ ကျေးဇူးတင်လျက်ပါ။

2 Comments:

Blogger ပန်းခရေ said...

ရေးထားတာ ရှင်းပါတယ်...
သိသမျှတွေဆက်ရေးပါအုံးး

December 18, 2008 at 7:09 PM  
Blogger My Diary said...

သိတာလေးတွေ ဖော်ဆောင်ပေးလို့ ကျေးဇူးပါ

January 27, 2009 at 11:10 PM  

Post a Comment

Subscribe to Post Comments [Atom]

<< Home