Wednesday, November 19, 2008

ယနေ့ခေတ် ဒီဂျစ်တယ်ကွာဟမှုပေါ်ပေါက်လာပုံမှာ

ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့ အင် တာနက်ကွန်ရက်ကြီးနဲ့ အသီးသီး ချိတ်ဆက်လာနိုင်ကြပေမယ့် ဖွံ့ဖြိုး ဆဲနိုင်ငံတွေမှာတော့ နည်းပညာ ဆိုင်ရာအခြေခံအဆောက်အအုံတွေ ဖြည့်ဆည်းပေးနိုင်မှု မရှိတာကြောင့် နိုင်ငံတစ်ခုနဲ့တစ်ခုအကြား ဒီဂျစ်တယ်ကွာဟမှုဟာ တဖြည်းဖြည်း ကြီးမားလာခဲ့ပါတယ်။ အာဖရိက ၁၉၉၀ ပြည့်နှစ်အစောပိုင်း ကာလတွေမှာ အာဖရိကနိုင်ငံတွေ ဟာ X.25 IPS နဲ့ 2400 baud modem UUCP link တွေကို ကြားခံပြီးမှ နိုင်ငံတကာကွန်ရက်နဲ့ ချိတ်ဆက်မှုပြုနိုင်ခဲ့ကြပါတယ်။ ၁၉၉၆ ခုနှစ်အရောက်မှာတော့ USAID ကနေ ရန်ပုံငွေထောက်ပံ့ ပြီး Leland initiative ကို စတင်ကာ အာဖရိကတိုက်နိုင်ငံတွေ အတွင်း အင်တာနက်ချိတ်ဆက် အသုံးပြုလို့ရနိုင်မယ့် စနစ်ကိုဖန်တီး ပေးခဲ့ပါတယ်။ အာဖရိကတိုက်ရဲ့ IP address တွေကို စီမံခန့်ခွဲဖို့ အတွက် မောရိသျှအခြေစိုက် AfriNIC ကနေ အဓိကတာဝန်ယူပြီး အင်တာနက်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို စည်းဝေး တိုင်ပင်ဆွေးနွေးနိုင်ဖို့အတွက် Internet Community of Operational Networking Specialists ဖိုရမ်ကိုလည်း ဖွဲ့စည်းခဲ့ကြပါတယ်။ အာရှနဲ့ ပင်လယ်ကျွန်းစုနိုင်ငံများ ဒီဒေသအတွက် IP address စီမံခန့်ခွဲမှုကို သြစတြေးလျ တိုက်မှာ အခြေစိုက်တဲ့ APNIC (Asia Pacific Network Information Centre) ကနေ တာဝန်ယူပြီး APRICOT (Asia-Pacific Regional Internet Conference on Operational Technologies) လို့ အမည်ပေးထားတဲ့ ဖိုရမ်တစ်ခုကိုလည်း ဖန်တီးထားကြပါတယ်။ ၁၉၉၁ ခုနှစ်မှာ တရုတ်နိုင်ငံက Tsinghuaက တက္ကသိုလ်မှာ TUNET လို့ အမည်ရတဲ့ TCP/IP ကွန်ရက် တစ်ခုကို ဖန်တီးခဲ့ပါတယ်။ အဲဒီ နောက် ၁၉၉၅ ခုနှစ်မှာ Beijing Electro-Spectrometer Collaboration နဲ့ Stanford တက္ကသိုလ်ရှိ Linear Accelerator Center တို့အကြား ချိတ်ဆက်မှုပြုပြီး အင်တာနက်ကွန်ရက်ထဲဝင်ရောက် လာနိုင်ခဲ့ပါတယ်။ လက်တင်အမေရိက တခြားဒေသတွေမှာ လိုမျိုးပဲ LACNIC (Latin American and Caribbean Internet Addresses Registry) ကနေ IP addressန နဲ့ တခြားလိုအပ်တဲ့နည်း ပညာဆိုင်ရာကိစ္စတွေကို စီမံခန့်ခွဲ တာဖြစ်ပါတယ်။ ဒီ LACNIC ဟာ ဥရုဂွေးနိုင်ငံမှ အခြေစိုက်ကာ DNS root, reverse DNS နဲ့ တခြားဝန်ဆောင်မှုတွေကိုလည်း ပေးနေတာကို တွေ့ရပါတယ်။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

<< Home