Thursday, September 11, 2008

အိမ်ချင်မကောင်း

လူကြီးတွေပြောနေတဲ့ ခုခေတ်လူငယ်တွေ ၀တ်စားတာ အမြင်မတော်ဘူးဆိုတာကတော့ လက်မခံနိုင် လောက်ဘူး လို့ ထင်တယ်ဗျာ။ ဘာလို့ လည်းဆိုတော့ အဘိုးတို့ အဘွားတို့ က အမြဲတမ်းပြောတယ် ငါတို့ ခေတ်က တစ်ကျပ်ဆိုရင် မိသားစု တစ်လထိုင်စားလို့ မကုန်ဘူး အဖြေကတော့ရှင်းနေတာဘဲမဟုတ်လား။ အဲဒီခေတ်က ငွေပေါတယ်၊ ပစ္စည်းတန်တယ်လေ။ အခုခေတ်မှာ ကြည့်ပါလား ငွေရှားပြီး ပစ္စည်းတွေပေါတယ် မဟုတ်လား။ ဒါကြောင့် ခုခေတ်ကောင်မလေးတွေ ခေတ်နဲ့ အညီ သင့်တင့်အောင် နေထိုင်နိုင်ကြတာ စားဝတ် နေရေးတကယ့်အရည်အချင်းရှိတဲ့ အမျိုးသမီးကောင်းတွေဘဲမဟုတ်။ ဒီလိုတွေ တို့ လူတွေမှာရှိတာဘဲလေ။ ချွေတာစုစား တို့ လူမျိုးလို့ တောင် ပြောလို့ ရတယ်။ တကယ့်ချွေချွေတာတာနေထိုင်နေကြတဲ့ လူတွေပါဗျာ။ ကျွန်တော့်ကောင်မလေးဆိုရင် ဘယ်လောက်ချွေတာလည်းဆိုရင် အ၀တ်အစားတွေနဲ့ ပတ်သက်လာရင် ဘောင်ဘီတို့ ၊ စကတ်တို့ ကို တစ်ပေထက် အပိုမ၀တ်ဘူးသိလား၊ ဒါဟာလည်း ကျွန်တော့်အတွက် သူအလိုက် သိတာဘဲမဟုတ်လား။ ကုန်ကျစရိတ်သက်သာအောင်လို့ ကျွန်တော့်အပေါ်သိတတ်တာ။ ဟိုခေတ်ကတော့ ငွေနည်းနည်းလေးနဲ့  အထည်အုပ်လိုက်ရတာ ခေတ်ဟောင်းလူကြီးတွေက မချွေတာဘဲ နေထိုင်ခဲ့ကြတာ ဆိုတော့ ခုခေတ်လူငယ်ဝတ်စားတာတွေကို သ၀န်တိုနေကျတာ မချွေတတ်ခဲ့လို့ ။ ကျွန်တော်တို့ လူငယ်တွေ အတွက် စည်ပင်ဝဖြိုးအောင် ရှေ့ဆက်ထမ်းဆောင်ရမယ့် တာဝန်ရပ်တွေပဲလေ။ အိမ်ထောင်ရှင်မကောင်း တစ်ယောက်ဖြစ်ချင်ရတော့ တိုတိုးလေးဝတ်စားပြီး ချွေတာပြီး သိတတ်ပေးဖို့ လိုလိမ့်မယ်လို့ ပြောလိုက်ချင် တယ်ဗျာ။